Saturday, November 23, 2013

WYTU

ကူညီကြပါဦး
===========

ကဲ...နေပြည်တော် သပန ရုံးအထိ ကိုယ့်စရိတ်နဲ့ ကိုယ် လိုက်နိုင်မယ့် သူငယ်ချင်းတွေ လိုပါတယ်။ ဘယ်သူတွေ လိုက်နိုင်လဲ။မပြောရဲရင်နေပါ။ ကျွန်တော်ဦးဆောင်ပြီးပြောပါ့မယ်။ ဘေးက ပဲ လိုက်ခဲ့ပါ။နောက်တစ်ခုက လက်မှတ်တွေ လိုပါတယ်။ လက်မှတ်ထိုးမယ့် form ကို excel နဲ့  ဘယ်သူတွေ လုပ်ပေးနိုင်လဲ ။ form မှာ ပါဝင်ရမယ့် အချက်တွေကတော့ အမည်၊မှတ်ပုံတင် နံပါတ်၊နောက်ဆုံးဖြေခဲ့သော ခုံအမှတ်၊တက်ခဲ့ တဲ့ကျောင်း၊ဖြေဆိုခဲ့သော ခုနှစ်၊ စတဲ့ အချက်တွေပါဝင်ရပါမယ်။print ထုတ်ပြီး ဝေပေးရပါမယ်။ခေါ င်းစဉ်ကတော့ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးသို့ entrance ပြန်ဖြေခွင့်ပြုရန် နစ်နာခဲ့သော AGTI၊B. Tech ကျောင်းသားများမှ လက်မှတ်ထိုးတောင်းဆိုလွှာ ဖြစ်ပါတယ်။ အဲ့ဒီ form ကို လုပ်ပေးမယ့်လူလိုပါတယ်။ form ရလာရင် နီးစပ်ရာ သူငယ်ချင်းတွေက အချက်အလက်ကို မှန်ကန်စွာ ဖြည့် ပြီး လက်မှတ်ထိုးပေးဖို့ လိုပါတယ်။ မဟုတ်ရင် ခေါင်းဆောပိုင်းမှာ shock ဖြစ်နိုင်ပါတယ်။ လက်မှတ်တွေ အများကြီးလိုပါတယ်။ နောက်တစ်ခုက ကူညီနိုင်မယ့်လွှတ်တော် အမတ်တွေရဲ့ အိမ်နဲ့ ဖုန်းနံပါတ်တွေ လိုချင်ပါတယ်။ အကူအညီတောင်းမယ့် အပိုင်းက ကျွန်တော် ကိုယ်တိုင်သွားလုပ်မှာပါ။အိမ်နဲ့ ဖုန်းနံပါတ်ပဲ စုံစမ်းပေးပါ။ ဦးသိန်းညွန့် နဲ့ ဒေါက်တာ မြတ်ဥာဏစိုးဆို ကူညီနိုင်မယ်ထင်ပါတယ်။ ကူညီရမယ့် အပိုင်းတွေတော့ ပြောပြီးပါပြီ။ကူညီနိုင်တ်ဲ့ ဘက်ကို comment ပေးခဲ့ပါ။

Credit to Ko Tin Ko Ko https://www.facebook.com/tinkoko.web

Admin #PPPA


Credit by WYTU@facebook

No comments:

Post a Comment