Telenor Myanmar မှ ဝန်ထမ်းများ ခေါ်ယူ မည့် Career Seminar ပထမဆုံး အကြိမ် ကျင်းပမည် Telenor Myanmar မှ မြန်မာ ဝန်ထမ်းများ ခေါ်ယူ ခန့်ထားရာ တွင် အလုပ်နေရာ အဆင့်များ အတွက် အေထာက် အကူ ပြုစေ မည့် Career Seminar ကို ပထမ ဆုံး အကြိမ် အဖြစ် ဒီဇင်ဘာ ၅ ရက်တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ . Career Seminar ကို ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီမှ ညနေ ၄နာရီ အထိ Co-operative Business Center (ယခင် ဆရာစံ ပလာဇာ) ၌ ကျင်းပ သွားမည် ဖြစ်ပြီး Telenor Myanmar တွင် အလုပ် လျှောက်ထား ရန် စိတ်ဝင်စားသူများ သည် ကိုယ်ရေး အကျဉ်း များကို တိုက်ရိုက် တင်သွင်း နိုင်ကြောင်း သိရသည်။ . အဆိုပါပွဲ သည် ဝင်ကြေး အခမဲ့ ဖြစ်ပြီး နည်းဗျူဟာ ကျသော ဆက်သွယ်ရေး လုပ်ငန်း တွင် လုပ်ကိုင်ရန် စိတ်ဝင်စားသူများ လျှောက် ထား နိုင်ပြီး Telenor Myanmar မှ ၂ဝ၁၄ ခုနှစ် အကုန်တွင် ဝန်ထမ်း ၁ဝဝဝ ကို တိုက်ရိုက် ခန့်အပ် သွားမည် ဖြစ်သည်။ လုပ်ငန်း ကျွမ်းကျင်မှု့ဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် များ အတွက် Telenor Myanmar Academy တွင် ပထမ အသုတ်ကို ယခုနှစ် ဒီဇင်ဘာလ ၌ ခေါင်းဆောင် မှုနှင့် လုပ်ငန်း ကျွမ်းကျင်မှု့ ဆိုရင်ာ သင်တန်းများ ကို ဖွင့်လှစ် သင်ကြား ပေးမည် ဖြစ်ပြီး လက်ရှိလုပ်ကိုင် နေသာ ဝန်ထမ်း များနှင့် အသစ် ဝင်ရောက် လာမည့် ဝန်ထမ်း များ ကို သင်တန်းပေးမည် ဖြစ်သည်။ အဆိုပါ သင်တန်း များ ကို ထိုင်း နိုငင်ံ ဗန်ကောက် မြို့နှင့် ရန်ကုန် မြို့များတွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ .
Credit to - @Golden Land Myanmar #Sandaz
Credit by WYTU@facebook
No comments:
Post a Comment